Search

What is Water-Energy-Food Nexus?

EHS Myanmar | 10.1.2022


ကျွန်တော်တို့ လူသားတွေအတွက် နေ့စဉ် အသက်ရှင်သန်ရပ်တည်နိုင်ရန် အရေးကြီးဆုံးမှာအစားအစာ နှင့် ရေ ဖြစ်ပြီး စွမ်းအင်များလည်း လိုအပ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာ ယခုကဲ့သို့မြို့ပြကြီး များမဖွံ့ဖြိုးခင်အချိန်များက လူတို့၏ လိုအပ်သော အစားစာ(food) ရေ(water) နှင့် စွမ်းအင် (energy)ကို မိမိ တို့ပတ်ဝန်းကျင်တွင် လုံလုံလောက်လောက်ရရှိနိုင်ခဲ့သည်။ ယခု ကာလတွင်မူ မြို့ပြကြီးများလည်း ကြီးမား ကျယ်ပြန့်လာပြီး လူဦးရေမှာလည်း ထူထပ်သိပ်သည်းလာသည်နှင့်အမျှ ရေ အစားအစာ နှင့် စွမ်းအင်(energy) လိုအပ်ချက် နှင့် ဆက်စပ်မှုများမှာလည်း ကြီးမားလာသည်။ ထိုကဲ့သို့ ရေ စွမ်းအင်နှင့် အစားအစာ များ၏ တစ်ခုပေါ်တစ်ခု ဆက်စပ်နေမှုနှင့် လူသားတို့အတွက်လိုအပ်ချက်ကြီးမှားလာပုံကို အောက်တွင်ဆက်လက်ဖော်ပြမည်။


ရေ (Water) - ကမ္ဘာ့လူဦးရေ တိုးများလာသည်နှင့်အမျှ အစားအစာ (food) လိုအပ်ချက်မှာ တိုးများလာသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာရပြီး ရေ(water) လိုအပ်ချက်မှာလည်း ပို၍ပို၍ ကြီးမားလာသည်။ ထို့အပြင် စွမ်းအင်(energy) ထုတ်လုပ်ရာတွင်လည်း Hydropower (ရေအားလျှပ်စစ်) မှ ထုတ်လုပ်ရရှိနိုင်ပြီး ရေ (water) ၏လိုအပ်ချက်သည်လည်း အရေးပါလှသည်။


စွမ်းအင် (Energy) - ကျွန်တော်တို့သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ အစားအစာ (food) ကို ထုတ်လုပ်ပြီးစီး လျှင် စားသုံးသူများထံသို့ ပို့ဆောင်ရာတွင် စွမ်းအင် (Energy) များလိုအပ်ပြီး များများတင်ပို့ရလေလေစွမ်းအင်(Energy) များများ လိုအပ်လေလေဖြစ်သည်။ ထို့အပြင် စွမ်းအင် (Energy) များကို ရေများသန့်စင် ပြီး ဖြန့်ဖြူးရာတွင်အသုံးပြုရပြီး စက်ရုံအလုပ်ရုံများတွင်လည်း ရေဆိုးရေညစ်များကိုသန့်စင်ခြင်း (Waste-Water Treatment) စနစ်များတွင်အသုံးပြုကြရသည်။


အစားအစာ(Food) - ပုံမှန်အားဖြင့် ကျနော်တို့supermarket မှဝယ်လာသော အသားတစ်တုံး ပန်ကန်းပြားပေါ်ရောက်သည်ထိ ဆိုလျှင် ခန့်မှန်းခြေ ရေလီတာပေါင်း 3000 liters အသုံးပြုခဲ့ရသည်။ စွမ်းအင်(Energy) တစ်ခုရရှိရန် biofuels အနေနှင့် အစားစာမှ လည်း ရရှိနိုင်သေးသည်။ အောက်ဖော်ပြပါ ပုံတွင်လည်း ရေ-စွမ်းအင်-အစားစာ တို့၏ တစ်ခုနှင့်တစ်ခု ဆက်နွယ် နေပုံများကိုအကျဉ်းချုံ ကြည့်၍နားလည်နိုင်သည်။


အပေါ်တွင်ဖော်ပြထားသောရင်းမြစ်သုံးခုသည် ယခုလက်ရှိအချိန်တွင် ဖိအားများအောက်ရောက်ရှိနေပြီး လူသားများအပေါ် ပေးနိုင်စွမ်းသည်လည်း လူဦးရေတိုးများလာသည် နှင့်အမျှ တဖြေးဖြေးလျော့နည်းလာနေသည်။ 2050 တွင် ကမ္ဘာ့လူဦးရေသည် 9 billion သို့ရောက်ရှိလာမည်ဖြစ်ပြီး အစာအစာ လိုအပ်ချက်မှာလည်း ကြီးမားလာကာ စွမ်းအင်များ ရေအရင်းမြစ်များကိုလည်း ယခုထက်ပင်ပိုမိုသုံးစွဲရဦးမည်ဖြစ်သည်။ ထိုမျှ ပင်မကသေး ကမ္ဘာကြီးပူနွေးလာမှု ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများ ကလည်း ယင်းရင်းမြစ်သုံးခုအပေါ် သက်ရောက်မှုများရှိပြီး လူသားတွေအနေနှင့် လာမည့်နှစ်များတွင် အချိန်မှီ ထိန်းချုပ်ရန်အဖို့လည်း လိုအပ်သည်။


နိဂုံးအားဖြင့် ရေ၊ စွမ်းအင်၊ အစားစာ လိုအပ်ချက်မှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာနေပြီဖြစ်ပြီး လူသားတို့အနေဖြင့် ၄င်းတို့၏ အချင်းချင်း ဆက်စပ်နေမှုများကိုလည်း ပိုမိုသိရှိနားလည်ကြရမည်ဖြစ်ပြီး အချိန်မှီ ဖြေရှင်းရန်အတွက်လည်း ကြိုးစားကြရပေဦးမည်။


You Tube Video Link - https://www.youtube.com/watch?v=CKW_ux2Xo_w&t=3s

ကိုးကား

The Water-Energy-Food Nexus: A systemic review of methods for nexus assessment


ညနေကြယ် မှ ရေးသားပြုစုသည်။


#EHSMyanmar#3NEXUS



2 views0 comments

Recent Posts

See All