top of page
Search

📑 EHS Myanmar's Podcast 2022 Annual Report/ ၂၀၂၂ ခုနှစ် Podcast အစီရင်ခံစာ 📑

EHS Myanmar | 30.12.22

EHS Myanmar Monthly Podcast ၏ ၂၀၂၂ တစ်နှစ်တာကာလအတွင်း - . Podcast ပေါင်း (၆) ပုဒ်သာ broadcast လုပ်နိုင်ခဲ့ပါတယ်။ . ထို (၆) ပုဒ်ထဲတွင် "What is Environmental Music?" episode မှာ လူအများနားထောင်ဆုံးဖြစ်ခဲ့ပြီး ဒုတိယ မှာ "Internet: Is it good or bad? Part 1" episode ဖြစ်ပါတယ်။ . Audience Size အနေဖြင့် (၇) ရက်တာအချိန်အတွင်း (၁၆) ယောက်ရှိခဲ့ပြီး Plays per Episode အနေဖြင့် (၃၉) on average ရှိခဲ့ပါတယ်။ Playtime အနေဖြင့် (၁၃၁၈) ဖြစ်ပါတယ်။ . နားဆင်သူများ၏ Geographic Location ကိုလေ့လာကြည့်တဲ့အခါ အမေရိကန် မှ (၃၇) ၊ မြန်မာမှ (၂၃) ရာခိုင်နှုန်း ၊ ဩစတေးလျမှ (၈) ရာခိုင်နှုန်း ၊ ထိုင်းမှ (၇) ရာခိုင်နှုန်း နှင့် အခြားနိုင်ငံတွေမှ (၂၅) ရာခိုင်နှုန်းအသီးသီးရှိကြပါတယ်။ ဒီ Stats ကတော့ နားဆင်သူများရဲ့ ဖုန်း (သို့မဟုတ်) ကွန်ပျူတာတို့၏ Location Service Setting ထားမှုပေါ်မှာလဲ မူတည်နေပါတယ်။ . ကျွန်မတို့ EHS Myanmar Monthly Podcast နားဆင်သူများ၏ Platforms များမှာ အများစုက Apple Podcasts နှင့် Spotify တို့မှ နားဆင်ကြတာကိုတွေ့ရပါတယ်။ Apple Podcast မှ (၃၁) ရာခိုင်နှုန်း၊ Spotify မှ (၃၁) ရာခိုင်နှုန်း၊ Anchor မှ (၁၀) ရာခိုင်နှုန်း၊ Google Podcast မှ (၁၀) ရာခိုင်နှုန်း နှင့် အခြား platform များမှ (၁၇) ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။ . နားဆင်သူများ၏ Devices များအနေဖြင့်လဲ (၃၈) ရာခိုင်နှုန်းမှာ iPhone ကိုင်ဆောင်သူများဖြစ်ကြပြီး၊ Android ကိုင်ဆောင်သူများမှာ (၃၀) ရာခိုင်နှုန်နှင့် Windows နှင့် Web မှ နားဆင်သူ (၁၇) ရာခိုင်နှုန်းတို့ဖြစ်ကြပါတယ်။ . EHS Myanmar Monthly Podcast မှာ ကျား/မ မရွေး နားဆင်နိုင်အောင်ပြုလုပ်ထားသည့်အတွက် ကျား (၅၅) ရာခိုင်နှုန်း နှင့် မ (၄၅) ရာခိုင်နှုန်း တို့ဖြင့် ၂၀၂၂ ခုနှစ်အတွင်း နားဆင်သူကျားအရေအတွက် အနည်းငယ်များနေတာကိုတွေ့ရနိုင်ပါတယ်။ . ကျွန်မတို့ EHS Myanmar Monthly Podcast သည် လူငယ်များအတွက် ဦးတည်ထားသည့်အလျောက် နားဆင်သူအများစုမှာလဲ လူငယ်တွေဖြစ်ကြတာကိုတွေ့ရပါတယ်။ အသက် (၂၃) နှင့် (၂၇) ကြားနားဆင်သူအရေအတွက် (၆၁) ရာခိုင်နှုန်းအထိရှိတာကိုတွေ့မှတ်သားရပါတယ်။ ထို့အပြင် အသက် (၁၈) မှ (၂၂) ကြားနားဆင်သူအရေအတွက် (၃၄) ရာခိုင်နှုန်း၊ အသက် (၂၈) မှ (၃၄) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း နှင့် အသက် (၄၅) မှ (၅၉) ကြားနားဆင်သူအရေအတွက် (၃) ရာခိုင်နှုန်း ရှိကြောင်းတွေ့နိုင်ပါတယ်။

ကျွန်တော် ကျွန်မတို့ EHS Myanmar Monthly Podcast တစ်နှစ်တာအတွက် သုံးသပ်ချင်လျှင်သော်လည်းကောင်း၊ ရှေ့ဆက်လုပ်ငန်းအတွက်အကြံပြုချင်လျှင်သော်လည်းကောင်း၊ ဝေဖန်ချင်သော်လည်းကောင်း စသည့် သင်တို့၏ အမြင် များကို comment တွင်ဝင်ရောက် အကြံပြုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

EHS Myanmar Monthly Podcast ကို ဒီမှာနားဆင်နိုင်ပါပြီ - https://www.ehsmyanmar.org/podcast-1 . နှစ်သစ်မှာ အားလုံးပျော်ရွှင်ပြီး စိတ်ညစ်စရာများကင်းဝေးပြီး ကောင်းမွန် သန့်ရှင်းပြီး ရေရှည်တည်တည်တံခိုင်မြဲသော နိုင်ငံတစ်ခု (Sustainable Nation) ဖြစ်အောင်ကြိုးစားကြပါစို့။ ------------------------------------------------------------ "Gaining Knowledge is the first step to wisdom. Sharing it is the first step to humanity."

#EHSMyanmar #AnnualReport #Review #2k22 #2023




6 views0 comments
bottom of page